အမေ
သား ၀မ်းနည်းနေရတယ်
မြေခြားမှာနေ
မစားဘူးတဲ့ အစာတွေစား
ပညာတော် သင် သွားသတဲ့ 
ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ 
ဆွေမျိုးတွေကြား
ဝင့်ကြွားရတဲ့ အတွက်
သားလိမ္မာ လို့ 
အမေ့ရင်မှာ ထင်မြင်နေသလား ……
အမေနေမကောင်းတာကိုမှ
ဖုန်းလေးအနိုင်နိုင်ဆက်လို့ 
သားရဲ့  စကားသံ
အမေ့အတွက် အားအမှန်ဖြစ်ရဲ့ လား ….
ခြေထောက်ကိုတ်လို့ ငြီးငြူနေတဲ့ အသံ
ဒေါ်လာ ဆိုတဲ့ 
သား..ပို့ တဲ့ ပိုက်ဆံနဲ့ 
ပျောက်ကင်းနိုင်လို့ လား အမေ……
သားသိပါပြီ အမေ..
အမေ့ရင်မှာလိုအပ်နေတာ
နွေးထွေးတဲ့ လက်တစ်စုံနဲ့ 
ဆုပ်နယ်နေမယ့် သားရဲ့ လက်တစ်စုံပါ
ဘ၀တစ်ဆင့်မြင့်မှ
လူလုံးလှမယ်လို့ ထင်တဲ့ သားအတွက်
အမေ ပြုံးပြုံးလေးနဲ့ လက်ပြ နှုတ်ဆက်ခဲ့ တယ်
အချိန်တန် အရွယ်ရောက်လို့ 
အမေ့ရင်ကို ခြေစုံကန်
လေဆန် ကို ပျံသန်းတဲ့ သားလို့ 
အမေ့ရင်မှာ ထင်နေမှာလားအမေ….
ခုတော့ အရာအားလုံးဟာ ဝေး၀ါးနေပါပြီ
အမေ့ရင်ခွင်မှာ
မှေးစက်ခိုဝင်ပြီး နားထောင်ခဲ့ တဲ့ 
ရွှေကျားပုံပြင်
ရင်ထဲမှာစွဲထင်နေဆဲပါအမေ
အထီးကျန်ညတွေမှာ
ခိုလှုံစရာ မဲ့ လို့ 
အမေ့ပုံလေးကို ကြည့်ရင်း
ကျခဲ့ တဲ့ မျက်ရည်တွေ
အောင်မြင်မှုအတွက်ဆုလာဒ် ပေ ပဲလား….
ဆုတောင်းလို့ သာ ပြည့် မယ်ဆိုရင်လေ
အမေ့  နားမှာနေ
အမေ့နားမှာစား
အမေ့ကိုပြုစုနိုင်မယ့်သားဘဝ
ပြည့်ဝခွင့်ရချင်တယ်အမေ ရယ်
ခုတော့….
ရည်လဲ့နေတဲ့ မျက်လုံးအစုံနဲ့ 
ဝေးတမြေက
လွမ်းမောတသစွာ
ရှိခိုး ဦးခိုက်ရုံ မှ တစ်ပါး…